International News

ကိုရိုနာကူးစက်ရောဂါဖြစ်ပွားသူများကို ပိုမိုကယ်တင်နိုင်ရေးအတွက် ရောဂါပျောက်ကင်း သွားသူများ၏ သွေးရည်ကြည်လှူဒါန်းပေးလျက်ရှိ

Last Updated:

ဝူဟန်မြို့ရှိ ကိုရိုနာရောဂါပိုးကူးစက်ခံရမှုမှ ပျောက်ကင်းသက်သာသွားသူ (၁၂) ဉီးတို့က ၎င်းတို့၏သွေးရည်ကြည်များအား ရောဂါအပြင်းအထန်ခံစားနေရသူများ ထံသို့ လှူဒါန်းခဲ့ကြသည်ဟု သိရပါသည်။  ၎င်းလှူဒါန်းသူများမှာ Jiangxia စီရင်စုရှိ နံပတ်တစ် ပြည်သူ့ဆေးရုံနှင့် တရုတ်တိုင်းရင်းဆေးရုံတို့မှ ဆရာဝန်များနှင့် သူနာပြုများဖြစ်ကြပြီး၊ ရောဂါဖြစ်ပွားခြင်းမှ ပြန်လည်နာလန်ထူလာပြီး (၁၀) ရက်နောက်ပိုင်းတွင် လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ သွေးရည်ကြည်ထုတ်ယူခြင်းကို လူနာအား(၁၀)ရက်ကြာ ကုသပြီးမှ ထုတ်ယူသည့်အတွက် အလှူရှင်တွင် ထိခိုက်မှုမရှိကြောင်း၊ ထိုကဲ့သို့ ကုသမှုမှ တိုးတက် ကောင်းမွန်သည့်ရလဒ်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ကိုရိုနာရောဂါကူးစက်ခံရမှုမှ သက်သာပျောက်ကင်းသွားသူများအနေဖြင့် မိမိတို့၏ သွေးရည်ကြည်များကို လှူဒါန်းပေးကြရန် တိုက်တွန်းလိုကြောင်း ကျွမ်းကျင်သူတစ်ဉီးက ထုတ်ဖော်ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့တွင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နေ့လည်ပိုင်း၌ ကိုရိုနာရောဂါဖြစ်ပွားသူ လူနာ (၁၂၄) ဉီးမှာ ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ကြောင်း၊ ၎င်းတို့အနက် (၁၄) ဉီးက ကိုရိုနာကူးစက်ရောဂါ သုတေသနနှင့် ကုသရေးအတွက် သွေးရည်ကြည်များကို လှူဒါန်းခဲ့ကြကြောင်း၊ အချို့နာလန်ထကာစ လူနာများမှာလည်း ပါဝင်လှူဒါန်းလိုသည့်ဆန္ဒရှိနေကြောင်း သိရပါသည်။     

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ် ၊ ဆင်ဟွာ (၁၆-၂-၂၀၂၀)

Category: International News